CBI MYANMAR သည် ရန်ကုန်တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်နှင့် ပါမောက္ခများက ဦးဆောင်ပြီး၊ အရည်အသွေးမြင့် ဆရာ၊ ဆရာမများဖြင့်၊ “IGCSE O Level, A Levels” စာမေးပွဲများကို ဖြေဆိုနိုင်ရန် နှင့် ဂျာမန် special “Foundation” ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုနိုင်ရန်၊ အပိုဆောင်း ကျူရှင် ယူစရာမလိုအပ်အောင် ပြည့်စုံစွာ စနစ်တကျ လေ့ကျင့်ပေးမည့် သင်တန်းစင်တာ ဖြစ်ပါသည်။
(၁) CBI MYANMAR- Career Bridge Institute အကြောင်း
CBI MYANMAR – Career Bridge Institute သည်
(i) General Certificate of Education – IGCSE O Level (Grade 10), GCE A Levels (Grade 11 & 12) အတန်းများအတွက် နိုင်ငံတကာအသိအမှတ်ပြု Pearson Edexcel စာမေးပွဲများကို ဖြေဆိုနိုင်ရန် ပြင်ဆင်လေ့ကျင့် ပေးပါသည်။ ဂျာမနီနိုင်ငံတွင် ပညာသင်ကြားလိုသော ကျောင်းသားများအတွက် ဂျာမန်ဘာသာစကားကို ဤသင်တန်းကာလအတွင်း ပြီးမြောက်အောင် ပြင်ဆင်လေ့ကျင့် ပေးပါသည်။
(ii) CBI MYANMAR သည် အထူးအစီအစဥ်တစ်ရပ်အဖြစ်၊ GED, IGCSE O Level, Grade 10 အောင်မြင်ထားသော ကျောင်းသားများအတွက်၊ ဂျာမနီနိုင်ငံရှိ special Foundation တစ်နှစ်သင်တန်းများသို့ ဝင်ခွင့်ရရှိရန် လိုအပ်သော ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုနိုင်စေရန် ပြင်ဆင်လေ့ကျင့်ပေးပါသည်။
ဤအစီအစဉ်တွင် ပါဝင်သည့် ကျောင်းသားများသည် ဂျာမနီနိုင်ငံတွင် မိမိရွေးချယ်ထားသော ဘာသာရပ်များကို ဂျာမန်ဘာသာစကားအပါအဝင် တစ်နှစ် သင်ယူရမည်ဖြစ်ပြီး၊ ထို့နောက် ဂျာမန်အစိုးရတက္ကသိုလ်များတွင် တက်ရောက် ပညာသင်ယူနိုင်မည် ဖြစ်ပါသည်။
ဤအစီအစဉ်ကို အသေးစိတ်သိလိုပါက CBI MYANMAR တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
(၂) ဂျာမနီနိုင်ငံတွင် ပညာသင်ယူရန် လမ်းကြောင်းများ
(၁) Pathway 1 – IGCSE O Level, GED နှင့် Grade 10 မှ University သို့
IGCSE O Level, GED သို့မဟုတ် Myanmar Grade 10 ပြီးမြောက်ထားသူများအတွက် Special Foundation များ ရှိပါသည်။
(i) လမ်းကြောင်း
IGCSE O Level / GED / Grade 10
➡ German Language Course
➡ 1 year Special Foundation Program
➡ Bachelor Degree
➡ Master Degree
➡ Doctorate (PhD)
(ii) အားသာချက်
✓ တက္ကသိုလ်ဝင်ခွင့်အတွက် ပြင်ဆင်ပေးခြင်း။
✓ ဂျာမန်ဘာသာစကား အဆင့်မြှင့်တင်ပေးခြင်း။
✓ ဂျာမန်ပညာရေးစနစ်နှင့် ရင်းနှီးစေခြင်း။
( ၂) Pathway 2 – GCE AS Level မှ Foundation Program သို့
GCE AS Level သည် တက္ကသိုလ်သို့ တိုက်ရိုက်ဝင်ခွင့်ရရှိရန် မလုံလောက်သေးသောကြောင့် Foundation Program (Studienkolleg) တက်ရောက်ရပါမည်။
(i) လမ်းကြောင်း
GCE AS Level
➡ 1 year Foundation Program
➡ Bachelor Degree
➡ Master Degree
➡ Doctorate (PhD)
(ii) အားသာချက်
✓ ဂျာမန်တက္ကသိုလ်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ပေးခြင်း။
✓ ဘာသာရပ်အခြေခံများ ပိုမိုခိုင်မာလာစေခြင်း။
✓ ဂျာမန်ဘာသာစကား ကျွမ်းကျင်မှု မြင့်တက်လာစေခြင်း။
(၃) Pathway 3 – GCE A Level / Myanmar Grade 12 မှ တက္ကသိုလ်သို့ တိုက်ရိုက်ဝင်ခွင့်
GCE A Level သို့မဟုတ် Myanmar Grade 12 ပြီးမြောက်ထားသော ကျောင်းသားများသည် လိုအပ်သော ဘာသာရပ်များနှင့် ဝင်ခွင့်သတ်မှတ်ချက်များ ပြည့်မီပါက ဂျာမန်တက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။
(i) လမ်းကြောင်း
GCE A Level / Grade 12
➡ German Language Preparation
➡ Bachelor Degree
➡ Master Degree
➡ Doctorate (PhD)
(ii) သင့်တော်သူများ
✓ GCE A Level ပြီးမြောက်ထားသူများ။
✓ International A Level ကျောင်းသားများ။
✓ Myanmar Grade 12 ပြီးမြောက်ထားသူများ။
(၃) ဝန်ဆောင်မှုများ
✅ Education & Career Counseling
✅ German Language Training
✅ Foundation & University Admissions
✅ Document Preparation
✅ Visa Application Assistance
✅ Accommodation Support
✅ Pre-Departure Orientation
✅ Germany Arrival Support
(၄) သင်ကြားပို့ချသော ဘာသာရပ်များ
IGCSE, GCE A Levels နှင့် Foundation Program များအတွက် အောက်ပါ ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးနေပါသည်။
1. Mathematics
2. Further Mathematics
3. Physics
4. Information & Communication Technology
5. Computer Science
6. Chemistry
7. Biology
8. Business
9. Economy
10. Accounting
11. German
(၅) ကမ္ဘာ့အဆင့်မြင့် ပညာရေး၊ ဂျာမန်တက္ကသိုလ်များ နှင့် ဂျာမနီနိုင်ငံ
(၁) အဆင့်မြင့်ပညာများကို ဘယ်နိုင်ငံမှာ သင်သင့်တာလဲ။
မည့်သည်နိုင်ငံတွင် ပညာသင်ယူသင့်သည်ကို ရွေးချယ်ရာတွင် အောက်ပါ အချက် ၃ ချက်အပေါ် အခြေခံပြီး စဥ်းစားသင့်တာ ဖြစ်ပါတယ်။
(က) တက်ရောက်မည့် တက္ကသိုလ်နှင့် လုပ်ငန်းခွင်သင်တန်း၏ အရည်အသွေးနှင့် ကမ္ဘာ့အဆင့်။
(i) ကမ္ဘာပေါ်ရှိ တက္ကသိုလ်များတွင် ကမ္ဘာ့ထိပ်တန်း ပထမ သုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု USA ၊ ယူနိုက်တက်ကင်းဒမ်း UK နှင့် ဂျာမနီနိုင်ငံ Germany တို့ ဖြစ်ပါသည်။ ဂျာမနီိနုင်ငံ၏ အစိုးရတက္ကသိုလ်များသည် ကမ္ဘာ့ထိပ်တန်း သုံးနိုင်ငံအဆင့်တွင် ပါဝင်ပြီး နိုင်ငံတကာကျောင်းသားများအတွက် ကျောင်းလခမပေးရန်မလိုဘဲ တက်ရောက်နိုင်ပါသည်။
(ii) ဂျာမနီနိုင်ငံ၏ အသက်မွေးဝမ်းကျောင်းသင်တန်း Ausbildung များသည် ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခံထားရပါသည်။ ထိုသင်တန်းများတွင် နိုင်ငံတကာကျောင်းသားများသည် ကျောင်းလခပေးရန်မလိုဘဲ သင်တန်း တက်ရောက်နိုင်ပြီး၊ ပညာသင်ကြားနေစဉ်အတွင်း လစာဝင်ငွေကိုလည်း ရရှိနိုင်ပါသည်။
(ခ) အလုပ်အကိုင် အခွင့်အလမ်းနှင့် ရေရှည်နေထိုင်ခွင့် အခွင့်အလမ်း။
(i) ကမ္ဘာ့အဆင့်တွင် စီးပွားရေးအင်အား အကြီးဆုံး ကမ္ဘာထိပ်တန်း သုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု USA, တရုတ်ပြည်သူ့သမ္မတနိုင်ငံ China, ဂျာမနီ Germany တို့ ဖြစ်ပါသည်။ ဂျာမနီနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေး အင်အား အကြီးမားဆုံး သုံးနိုင်ငံတွင် ပါဝင်ပြီး၊ ဥရောပတွင် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်ပါသည်။ စီးပွားရေး အင်အားကြီးမားခြင်းက ဂျာမနီနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ကောင်းမွန်စေတာဖြစ်ပါတယ်။
(ii) ဂျာမနီနိုင်ငံသည် ပညာသင်ကြားနေစဉ် မိသားစုကို ခေါ်ဆောင်လာခွင့်ပြုသည့်အပြင်၊ ပညာသင်ပြီးဆုံးပြီးနောက် အလုပ်ရှာဖွေနိုင်ရန် ဆက်လက်နေထိုင်ခွင့် ဗီဇာ ပေးပါသည်။ သတ်မှတ်ထားသော အလုပ်အတွေ့အကြုံရရှိပြီးနောက် ဂျာမနီတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိနိုင်ပြီး၊ နောက်ပိုင်းတွင် ဂျာမန်နိုင်ငံသားဖြစ်ခွင့်လည်း ပေးပါသည်။
(ဂ) ဘဝတိုးတက်မှု အခွင့်အလမ်း၊ လုံခြုံရေးနှင့် စိတ်ချရသော အနာဂတ် ရှိမှု။
(i) ဘဝတိုးတက်ရေး နှင့် ကိုယ်ပိုင်အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်း အမြင့်ဆုံး ပေးနိုင်သော ကမ္ဘာ့ထိပ်တန်း သုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု United States၊ ဆွစ်စလန် Switzerland နှင့် ဂျာမနီ Germany တို့ ဖြစ်သောကြောင့် ဂျာမနီသည် ကမ္ဘာ့အမြင့်ဆုံးထိပ်တန်းတွင် ပါဝင်နေပါသည်။
(ii) ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်တိုးတက်ရေး အခွင့်အလမ်းများ ပေးနိုင်မှုတွင် ဂျာမနီသည် ကမ္ဘာ့အမြင့်ဆုံးထိပ်တန်းတွင် ပါဝင်နေပါသည်။
(၂) ဂျာမနီနိုင်ငံမှာ ဘာလို့ ပညာသင်သင့်တာလဲ။
ဂျာမနီနိုင်ငံတွင် ပညာသင်ယူခြင်းသည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များမှ ဘွဲ့ဒီဂရီများကို ကုန်ကျစရိတ်သက်သာစွာဖြင့် ရရှိနိုင်ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျာမနီနိုင်ငံ၏ အစိုးရ တက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများလည်း ပုံမှန်အားဖြင့် ကျောင်းလခ မပေးရသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ကျောင်းသားများအနေဖြင့် အရည်အသွေးမြင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ရေရှည်တည်တံ့သော ကိုယ်ပိုင်နှင့် ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို ရရှိနိုင်ပြီး၊ မိမိနှင့် မိသားစုအတွက် အလုပ်နှင့်ဘဝ မျှတမှုရှိသော၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိနိုင်သော၊ လုံခြုံစိတ်ချရသော အနာဂတ်ဘဝကို တည်ဆောက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဂျာမနီတွင် အခြေချနေထိုင်ကာ ဘဝတစ်ခု တည်ဆောက်လိုသူများအတွက် အကျိုးများစွာ ရရှိစေမည် ဖြစ်ပါသည်။
ဂျာမနီနိုင်ငံတွင် အခြေချနေထိုင်ရန် အစီအစဉ်မရှိသူများအတွက်လည်း၊ နိုင်ငံတကာအသိအမှတ်ပြု ဂျာမန်တက္ကသိုလ်ဘွဲ့များ၊ Ausbildung အရည်အချင်းလက်မှတ်များနှင့် ဂျာမနီတွင် ရရှိသော အလုပ်အတွေ့အကြုံများသည်၊ မိမိရွေးချယ် နေထိုင်သော မည်သည့် နိုင်ငံတွင်မဆို အနာဂတ်အလုပ်အကိုင်နှင့် ဘဝတိုးတက်ရေး အခွင့်အလမ်းများအတွက် သိသိသာသာ အကျိုးရရှိစေမည် ဖြစ်ပါသည်။
ထို့ကြောင့် ဂျာမနီတွင် ပညာသင်ယူခြင်းသည် မိမိ၏ ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုကို ဖန်တီးနိုင်ရန်အတွက် အကောင်းဆုံးဖြစ်စေမည့် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။
(၃) ဂျာမနီနိုင်ငံ၏ လူတိုင်းအတွက် အခမဲ့ပညာရေး
(က) ကျောင်းလခ အခမဲ့ အစိုးရ တက္ကသိုလ်များ
နိုင်ငံတကာအဆင့်မြင့်ပညာရေးတွင် ကမ္ဘာ့ထိပ်တန်း ပထမ သုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု USA ၊ ယူနိုက်တက်ကင်းဒမ်း UK နှင့် ဂျာမနီနိုင်ငံ Germany တို့ ဖြစ်ပါသည်။ ဂျာမနီနိုင်ငံတွင် တက္ကသိုလ်ပေါင်း ၄၂၀ ကျော် ရှိပါသည်။ ထိုတက္ကသိုလ်များတွင် နိုင်ငံတကာ ကျောင်းသားများအနေဖြင့် ကျောင်းလခ အခမဲ့ သို့မဟုတ် အလွန်နည်းပါးသော ကုန်ကျစရိတ်ဖြင့် ပညာသင်ယူနိုင်သော အစိုးရတက္ကသိုလ်ပေါင်း ၂၇၅ ကျော် ရှိပါသည်။
ဂျာမနီတက္ကသိုလ်များတွင် အင်ဂျင်နီယာ၊ အိုင်တီ၊ ဆေးပညာ၊ စီးပွားရေး၊ သဘာဝသိပ္ပံ၊ ဥပဒေ၊ ဝိဇ္ဇာ နှင့် လူမှုရေးသိပ္ပံ စသည့် ကျယ်ပြန့်သော ပညာရပ်မျိုးစုံတွင် အထူးပြုပညာနှင့် ဘွဲ့ဒီဂရီအစီအစဉ်ပေါင်း ၂၀,၀၀၀ ကျော်ကို လေ့လာသင်ယူနိုင်ပါသည်။ လက်ရှိတွင် ဂျာမနီတက္ကသိုလ်များ၌ ကျောင်းသားပေါင်း ၃ သန်းခန့် ပညာသင်ယူလျက်ရှိပြီး၊ ထိုအထဲတွင် ကမ္ဘာတစ်ဝန်းမှ လာရောက်ပညာသင်ယူနေသော နိုင်ငံတကာကျောင်းသားပေါင်း ၅ သိန်းခန့် ရှိပါသည်။
ဂျာမနီနိုင်ငံတွင် နိုင်ငံတကာကျောင်းသားများအတွက် အစိုးရတက္ကသိုလ်များ၌ ဂျာမနီ၏ ပြည်နယ် ၁၆ ခုအနက် ၁၅ ခုတွင် ကျောင်းလခ အခမဲ့ဖြစ်ပြီး၊ ပြည်နယ် တစ်ခုတွင်သာ ကျောင်းလခ ယူရို ၂၅၀ ခန့် (ကျပ် ၁၂ သိန်း) ပေးရနိုင်ပါသည်။
ပုဂ္ဂလိကတက္ကသိုလ်များတွင် ကျောင်းလခပေးရသော်လည်း၊ အခြားသော ကမ္ဘာ့ထိပ်တန်း အဆင့်မြင့် ပညာရေးရှိ နိုင်ငံများ၏ ပုဂ္ဂလိကတက္ကသိုလ်များနှင့် ကုန်ကျစရိတ်များကို နှိုင်းယှဉ်ပါက အများအားဖြင့် ပိုမိုသက်သာပါသည်။
အခြားသော ကမ္ဘာထိပ်တန်း အဆင့်မြင့် ပညာရေးရှိ နိုင်ငံများ၏ တက္ကသိုလ်များတွင် တက္ကသိုလ်အဆင့်ခွဲခြားခြင်းများ (Ranking) ရှိသော်ငြားလည်း ဂျာမနီရှိ အစိုးရတက္ကသိုလ်များတွင် မရှိကြပါ။ ဂျာမနီအစိုးရတက္ကသိုလ်များမှ ရရှိသော ဘွဲ့လက်မှတ်များကို အလုပ်ရှင်များကလည်း ကျယ်ပြန့်စွာ အသိအမှတ်ပြုကြပြီး၊ ခွဲခြားခြင်းမရှိပဲ တန်ဖိုးထားကြပါသည်။ ဂျာမနီ၏ အစိုးရတက္ကသိုလ်များမှ ရရှိသော ပညာရေးခရက်ဒစ်များကို အစိုးရတက္ကသိုလ်များအကြား ယေဘုယျအားဖြင့် အသိအမှတ်ပြုကြသောကြောင့် အပြန်အလှန် လွှဲပြောင်းနိုင်ကြပါသည်။
(ခ) ပညာသင်ယူရင်း ဝင်ငွေရသော Ausbildung သင်တန်းများ
ဂျာမနီ၏ အသက်မွေးဝမ်းကျောင်းသင်တန်းများသည် ကမ္ဘာ့ထိပ်တန်း အကောင်းဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခံထားရပါသည်။ ထိုအသက်မွေးဝမ်းကျောင်းသင်တန်းများ Ausbildung တွင် နိုင်ငံတကာကျောင်းသားများသည် ကျောင်းလခပေးရန်မလိုဘဲ သင်တန်း တက်ရောက်နိုင်ပြီး၊ ပညာသင်ကြားနေစဉ်အတွင်း လစာဝင်ငွေကိုလည်း ရရှိပါသည်။ မြန်မာလူငယ်များအတွက် “ပညာသင်ယူရင်း ဝင်ငွေရနိုင်ခြင်း” သည် အလွန်အရေးကြီးသော အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။
ဂျာမနီတွင် ကျန်းမာရေး, အင်ဂျင်နီယာ, သတင်းအချက်အလက်နည်းပညာ, သွင်းကုန်ထုတ်ကုန်နှင့် ကုန်သွယ်မှု, စီးပွားရေး နှင့် ဟိုတယ်/ခရီးသွားဝန်ဆောင်မှု စသည့် နယ်ပယ်များတွင် အစိုးရအသိအမှတ်ပြု အသက်မွေးဝမ်းကျောင်းသင်တန်းပေါင်း ၃၃၀ ကျော်ရှိပြီး၊ လက်ရှိတွင် ထိုသင်တန်းများ၌ ကျောင်းသားပေါင်း ၁.၃ သန်းခန့် ပညာသင်ယူလျက်ရှိပါသည်။ ထိုအထဲတွင် ကမ္ဘာတစ်ဝန်းမှ လာရောက်ပညာသင်ယူနေသော နိုင်ငံတကာကျောင်းသားပေါင်း ၅ သိန်းခန့် ရှိပါသည်။
(၄) ဂျာမနီမှာ ပညာသင်ယူနိုင်ဖို့ ငွေဘယ်လောက်ရှိရမလဲ။
နိုင်ငံတကာကျောင်းသားများသည် ဂျာမနီရှိ အစိုးရတက္ကသိုလ်များတွင် ပုံမှန်အားဖြင့် ကျောင်းလခ မပေးရသော်လည်း၊ ဂျာမနီတွင် ရေရှည်နေထိုင်ခွင့်ဗီဇာ ရရှိရန်အတွက်၊ မိမိတွင် တစ်နှစ်တာ နေထိုင်စားသောက်စရိတ် လုံလောက်သောငွေကြေးရှိကြောင်း – အကြမ်းအားဖြင့် ယူရို ၁၂,၀၀၀ (ကျပ် ၆၀၀ သိန်း) – အထောက်အထား သက်သေပြရမည်ဖြစ်ပါသည်။
ဂျာမနီနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းသင်တန်းတက်ရောက်သူများအတွက် ကျောင်းလခကို အလုပ်ရှင်မှ ပေးဆောင်ပြီး ပညာသင်ကြားနေစဉ်အတွင်း ဝင်ငွေလစာရရှိမည် ဖြစ်သောကြောင့်၊ ဂျာမနီတွင် ရေရှည်နေထိုင်ခွင့်ရှိဗီဇာ ရရှိရန်အတွက်၊ မိမိတွင် ငွေကြေး အထောက်အထား တစ်စုံတစ်ခုရှိကြောင်း အထောက်အထား သက်သေပြရန် မလိုအပ်ပါ။
(၅) ဂျာမနီမှာ ကျောင်းသားတစ်ယောက် အလုပ်လုပ်ပါက၊ မိမိ၏ နေထိုင် စားသောက်စရိတ်နှင့် ပညာသင်စရိတ်များကို ကာမိနိုင်ပါသလား။
ဂျာမနီနိုင်ငံတွင် နိုင်ငံတကာကျောင်းသားများသည် ပညာသင်ချိန်ပြင်ပ၌ ၁ နှစ်လျှင် အချိန်ပြည့်အလုပ်ကို ၅ လခွဲ သို့မဟုတ် အချိန်ပိုင်းအလုပ်ကို ၁၁ လခန့် တရားဝင် အလုပ်လုပ်ခွင့်ရရှိပါသည်။ ကျောင်းသားများသည် တစ်ရက်လျှင် အနည်းဆုံး လုပ်ခ ယူရို ၁၁၁ ခန့် (ကျပ် ၅ သိန်း) ခန့် ရရှိနိုင်သောကြောင့် တစ်နှစ်လျှင် ယူရို ၁၃,၀၀၀ ခန့် (ကျပ် ၆၅၀ သိန်း) ဝင်ငွေရရှိနိုင်ပါသည်။ ၎င်းဝင်ငွေသည် နေထိုင်စားသောက်စရိတ်နှင့် ပညာသင်ဆိုင်ရာ ကုန်ကျစရိတ်များကို အများအားဖြင့် ကာမိမည်ဖြစ်ပါသည်။
ဂျာမနီနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းသင်တန်း Ausbildung တက်ရောက်သူများအတွက် အလုပ်ရှင်မှ သင်တန်းစရိတ်ကို ပေးဆောင်ပေးလေ့ရှိပြီး၊ သင်တန်းတက်ရောက်နေစဉ်အတွင်း လစဉ် လစာ ယူရို ၁,၀၀၀ ခန့် (ကျပ် ၅၀ သိန်း) သို့မဟုတ် တစ်နှစ်လျှင် ယူရို ၁၂,၀၀၀ ခန့် (ကျပ် ၆၀၀ သိန်း) ရရှိနိုင်သဖြင့် ငွေကြေးပိုင်းဆိုင်ရာအရ အဆင်ပြေပါသည်။
(၆) ဆက်သွယ်ရန်
CBI MYANMAR
အမှတ် ၁၆၊ နတ်မောက်လမ်း၊
တာမွေမြို့နယ်၊ စာတိုက်အမှတ် ၁၁၂၁၁၊ ရန်ကုန်မြို့။
(ကန်တော်ကြီး ပတ်လမ်း၊ Chatrium Hotel အနီး၊ နတ်မောက်လမ်းသွယ် ၂ လမ်းထောင့်)
Email : info@careerbridgeinstitute.com
Website : myanmar.careerbridgeinstitute.com
Phone/Viber : +95 9 754 203 777 | +95 9 754 204 777
(၇) သင့်အတွက် အောင်မြင်သော အနာဂတ် တည်ဆောက်ရန် ယနေ့မှ စတင်လိုက်ပါ။
IGCSE O Level, GED, Grade 10, GCE AS Level, GCE A Level သို့မဟုတ် Grade 12 ပြီးမြောက်ထားသည်ဖြစ်စေ၊ ဂျာမနီနိုင်ငံတွင် သင့်အတွက် သင့်တော်သော ပညာရေးလမ်းကြောင်းတစ်ခု ရှိနေပါသည်။
CBI Myanmar နှင့် ဆက်သွယ်ပြီး ဂျာမနီနိုင်ငံတွင် ပညာသင်ယူခြင်း၊ အလုပ်အကိုင်နှင့် အတွေ့အကြုံ ရယူခြင်းအားဖြင့် သင့်အတွက် အောင်မြင်သော အနာဂတ်တစ်ခု တည်ဆောက်နိုင်ရန် ယနေ့ပင် စတင်လိုက်ပါ။
အသေးစိတ်သိလိုပါက အောက်ပါ Logo ကို နှိပ်ပါ။
သင်လည်း သင်နှင့် သင့်မိသားစုအတွက် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အနာဂတ်အတွက် ဂျာမနီနိုင်ငံသို့ လာရောက်ရန် စဉ်းစားနေပါပြီလား။
ဂျာမနီသို့ လာရောက်ရန်အတွက် ယုံကြည်စိတ်ချရသော လမ်းညွှန်မှု၊
သင်တန်းများနှင့် ဝန်ဆောင်မှုများ လိုအပ်ပါက
Your Gateway to Germany | AECOT
တွင် ရရှိနိုင်ပါသည်။
အသေးစိတ်သိလိုပါက အောက်ပါ Logo ကို နှိပ်ပါ။