သင်တန်းများ

CBI MYANMAR သည် “General Certificate of Education” GCE – A Levels (Grades 11 & 12), International GCSE O Level (Grade 10) အတန်းများအတွက် နိုင်ငံတကာအသိအမှတ်ပြု Pearson Edexcel စာမေးပွဲများကို ဖြေဆိုနိုင်ရန် ကျောင်းသားများအား စနစ်တကျ လေ့ကျင့်ပြင်ဆင်ပေးနေပါသည်။

CBI MYANMAR သည် ဂျာမနီနိုင်ငံ တက္ကသိုလ်များတွင် ပညာသင်ကြားလိုသူများ နှင့် ပညာသင်ယူရင်း ဝင်ငွေရသော Ausbildung သင်တန်း တက်လိုသူများအတွက် လိုအပ်သော ဂျာမန်ဘာသာရပ်ကို သင်ယူနိုင်ရန် စီစဉ်ပေးထားပါသည်။

သင်ကြားပို့ချသော ဘာသာရပ်များ

1. Mathematics
2. Further Mathematics
3. Physics
4. Information & Communication Technology
5. Computer Science
6. Chemistry
7. Biology
8. Business
9. Economy
10. Accounting
11. German

(၁) ပညာရေးလမ်းကြောင်းများမှသည် မိမိဘဝအတွက် အလုပ်အကိုင်များဆီသို့

(က) မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံသို့ ပညာရေး လမ်းကြောင်းများ။

မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံသို့ ပညာရေးလမ်းကြောင်းဖြင့်ဖြစ်စေ အလုပ်အကိုင်လမ်းကြောင်းဖြင့်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းဖြင့်ဖြစ်စေ သွားရောက်နိုင်ပါသည်။ အထက်ပါပုံတွင် မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံသို့ သွားနိုင်သော ပညာရေးလမ်းကြောင်းများကို ဖော်ပြထားပါသည်။

(၁) မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်လက်မှတ် UEC စနစ်ဟောင်း G10 နှင့် စနစ်သစ် G12 သို့မဟုတ် IGCSE သို့မဟုတ် GED အောင်မြင်ပြီးပါက ကျောင်းလခမပေးရဘဲ စာသင်ချိန်တွင် လစာပါရသော VOCATIONAL TRAINING ၃ နှစ် သင်တန်းကို ဂျာမနီနိုင်ငံတွင် တက်ရောက်နိုင်ပါသည်။
ထို့အပြင် ဂျာမန်စကား တတ်ထားရန်မလိုဘဲ ဂျာမနီနိုင်ငံတွင် SPECIAL FOUNDATIONတစ်နှစ် တက်ပြီး PUBLIC UNIVERSITY များတွင် ဆက်လက်ပညာသင်ကြားနိုင်ပါသည်။

(၂) မြန်မာနိုင်ငံတက္ကသိုလ်ပထမနှစ် အောင်မြင်ပြီးပါက သို့မဟုတ် မြန်မာနိုင်ငံတွင် GCE-AS သို့မဟုတ် OSSD အောင်မြင်ပြီးပါက ဂျာမနီနိုင်ငံတွင် ဂျာမန် FOUNDATION တစ်နှစ်တက်ပြီး PUBLICUNIVERSITY များတွင် ဆက်လက်ပညာသင်ကြားနိုင်ပါသည်။
မြန်မာနိုင်ငံတွင် OSSD အောင်မြင်ပြီးသူများသည် PUBLIC UNIVERSITY များတွင် Engineering, IT, Business လိုင်းများတွင် ဆက်လက်ပညာသင်ကြားနိုင်ပါသည်။

(၃) မြန်မာနိုင်ငံတက္ကသိုလ်ဒုတိယနှစ် အောင်မြင်ပြီးပါက သို့မဟုတ် မြန်မာနိုင်ငံတွင် GCE-A2 အောင်မြင်ပြီးပါက ဂျာမနီနိုင်ငံရှိ PUBLIC UNIVERSITY များတွင် ဆက်လက်ပညာသင်ကြားနိုင်ပါသည်။

* မှတ်ချက်။ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ် UEC စနစ်သစ် G12 အောင်လက်မှတ် ရှိသူများအတွက်

မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ် UEC စနစ်သစ် G12 ကို ဂျာမန်အစိုးရက Grade 10 အောင်လက်မှတ် ဟုသာ ယခုအချိန်အထိ သိနေပါသည်။

ထို့ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ် စနစ်သစ် G12 အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများသည် လက်ရှိအချိန်တွင် ဂျာမန်တက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့် မရရှိသေးပဲ ဖြစ်နေပါသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ် UEC စနစ်သစ် G12 သည် ”ပညာသင်နှစ် ၁၂ နှစ်ရှိသော အောင်လက်မှတ်” ဖြစ်ကြောင်းကို ဂျာမန်အစိုးရက သိလာသည့်အခါ မြန်မာ ကျောင်းသား၊ ကျောင်းသူများသည် ဂျာမန်အစိုးရတက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။

(ခ) ပညာရေးလမ်းကြောင်းများမှသည် အလုပ်အကိုင်ဆီသို့

ကျောင်းပညာရေး၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ၊ Ausbildung နှင့် တက္ကသိုလ်ဘွဲ့များ မှသည် မိမိ၏ ဘဝအတွက် အလုပ်အကိုင်များဆီသို့ လမ်းကြောင်းများကို အထက်ပါ ပုံတွင် ဖော်ပြထားပါသည်။